နို့စို့ကလေးနှင့်ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ စျေးကွက်တင်ခြင်းဆိုင်ရာအမိန့် စောင့်ကြည့်လုပ်ငန်းအဖွဲ့ Online Meeting သို့ ညွန်ကြားရေးမှူးချုပ်တက်ရောက်

အဆိုပါ အစည်းအဝေးကို Video Conferencing ဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော်၊ အစားအသောက်ဌာနခွဲ ညွန်ကြားရေးမှူးဒေါက်တာဉမ္မာစိုးဝင်း၊ ဒုတိယညွန်ကြားရေးမှူးများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။