အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ( April 2021 )

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ဆေးဝါးများနှင့်ပတ်သက်၍ စိစစ်ခြင်း၊ မှတ်ပုံတင်ခြင်း/ ထောက်ခံချက်ပေးခြင်း လိုအပ်ချက်ရှိပါက အကြံပြုခြင်း၊ ငြင်းပယ်ခြင်းများ ဆောင်ရွက်ရာတွင် ပိုမိုလျှင်မြန်လွယ်ကူစေရန် Implementation Of Drug E-Submission အွန်လိုင်းလျှောက်ထားမှုစနစ် ဆော့ဝဲရေးဆွဲခြင်းလုပ်ငန်းများအတွက် တင်ဒါခေါ်ယူမည်ဖြစ်ပါ၍ တင်ဒါတင်သွင်းလိုသည့် လုပ်ငန်းရှင်များ လျှောက်ထားနိုင်ပါသည်။

 

တင်ဒါလျှောက်လွှာပုံစံရောင်းချမည့်

ရက်

( ၁၂ – ၄ – ၂၀၂၁ ) ရက်နေ့မှ

( ၂၆ – ၄ – ၂၀၂၁ )ရက်နေ့အထိ

 

တင်ဒါနောက်ဆုံးတင်သွင်းရမည့်

ရက်/အချိန်

( ၂၆ – ၄ – ၂၀၂၁ )ရက်နေ့

ညနေ (၁၆:၀၀)နာရီအချိန်အထိ

 

တင်ဒါတင်သွင်းရန်နေရာ

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊

စံပယ်အိမ်ရာရှေ့၊ပြည်ကြီးဇေယျာလမ်း၊ဇမ္ဗူသီရိ

မြို့နယ်၊နေပြည်တော်။

 

၂။ တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို သတင်းစာကြော်ငြာတွင်ပါရှိသည့်ရက်မှစ၍ ဖော်ပြပါ ဌာနတွင် ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက လူကိုယ်တိုင် ဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊

ပြည်ကြီးဇေယျာလမ်း၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်

ဖုန်း-၀၆၇၃-၄၀၃၅၈၆၊ ၀၆၇၃-၄၀၃၁၇၁